iPhone Battery Health က ဘယ်လိုလျော့သွားသလဲ နှင့် Depth of Discharge အကြောင်း ဘာတွေသိထားသင့်လဲ?

895

This post is also available in: English

Apple ဟာ သူ့ရဲ့ iPhone တွေမှာအသုံးပြုထားတဲ့ Battery တွေ ဘယ်လိုအချိန်မျိုးမှာ Service ပြသင့်လဲ၊ Battery လဲသင့်ပြီလားဆိုတာကိုသိနိုင်ဖို့အတွက် iPhone 6 နဲ့ iOS Version 11.3 ကနေစပြီး Battery Health ဆိုတဲ့ Features တခုထည့်သွင်းပေးခဲ့ပါတယ်။ Battery Health Features က အချိန်ကြာကြာအသုံးပြုလာတဲ့ iPhone Users တွေအတွက်တော့ အသုံးဝင်တဲ့ Features တခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Apple နဲ့ အရမ်းကြီးမရင်းနှီးသေးတဲ့ iPhone အသုံးပြုတာ အရမ်းမကြာသေးတဲ့သူတွေအတွက်ကတော့ အားနေ ဒီ Battery Health ကို သွားသွားကြည့်နေမိပြီးတော့ Battery Health ကျတာကိုပဲ Error တခုလိုကြီးထင်နေတတ်ကြပါတယ်။

Settings > Battery > Battery Health

အရင်ကဆိုရင် Battery Health Features မပါတဲ့အတွက် iPhone က အားမခံတော့တာပဲသိတယ်၊ အားကုန်မြန်တာပဲသိတယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်ကဖြစ်နေတယ်ဆိုတာ Service Technician တွေအနေနဲ့ သိနိုင်ပေမယ့်၊ သာမာန် User တွေအနေနဲ့ကတော့ ချက်ခြင်းသိဖို့မလွယ်ပါဘူး။ မှတ်ချက်။ ။ အချိန်တန်ရင် iPhone တွေမှာ Battery Health ကျတာ ပုံမှန်ပါ၊ Error မဟုတ်ပါ၊ ဒါကြောင့်လည်း အဲ့ဒီ Features ကို Apple က သိနိုင်အောင်ထည့်ပေးထားတာဖြစ်ပါတယ်၊ အသုံးပြုတဲ့ Users အပေါ်မူတည်ပြီး Battery Health မြန်မြန်ကျတာနဲ့ ပုံမှန်ကျတာပဲ ကွာခြားနိုင်ပါတယ်)

iPhone အသစ်စပြီးဝယ်လိုက်ပြီဆိုတာနဲ့ Battery Health ရဲ့ Percentage မှာ 100% အပြည့်ပါပါတယ်။ အဲ့ဒီကနေ အသုံးပြုလာရင်းနဲ့ Battery Percent 80% နဲ့ အောက်ကိုရောက်ပြီဆိုရင်တော့ အဲ့ဒီ iPhone ရဲ့ Battery ကို Service ပြဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ဒါက Apple ကိုယ်တိုင်ကပြောတာဖြစ်ပါတယ်။ တကယ်လည်း အဲ့ဒီအခြေအနေမှာ iPhone တလုံးအတွက် Battery Replacement Service လုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။

iPhone Battery Health ဘယ်လိုတွက်ချက်လဲ?

Apple ရဲ့ iPhone Battery Health က ဘယ်လိုတွက်ချက်တာလဲဆိုတာလေးကို ဗဟုသုတအနေနဲ့ အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ Apple ရဲ့ iPhone Battery တွေမှာ Battery Cycle Count တွက်ပြီး Complete Cycle Count 500 ပြည့်ရင် (Battery Health 80%) ရောက်ပြီဆိုရင် iPhone Battery Service ပြဖို့/ လဲဖို့ Apple က ပြောထားပါတယ်။ အဲ့ဒီအခြေအနေမှာ သင့်ရဲ့ iPhone က ခန့်မှန်း အကြိမ် (၆၀၀) ကျော် အားသွင်းခဲ့ပြီးဖြစ်ပါတယ်။

iPhone မှာ Battery 50% ရှိနေတုန်းမှာ 100% ပြည့်အောင် အားသွင်းလိုက်တယ်ဆိုရင် Cycle Count 0.5 လို့သတ်မှတ်ပါတယ်။ 50% + 50% Charged ဖြစ်မှသာ Cycle Count 1 ပြည့်ပါတယ်။ အဲ့ဒါကို Depth of discharge လို့လည်းခေါ်ပါတယ်။ iPhone Battery 100% ကို အသုံးပြုလိုက်လို့ 0% ဖြစ်ပြီး အားပြည့်အောင်ပြန်သွင်းပြီးတာနဲ့ Depth 1 ပြည့်ပါတယ်။ တနည်းအားဖြင့် Battery အားကုန်သွားလို့ အားပြန်သွင်းပြီးတိုင်းမှာ Battery Capacity ကျလာမှာဖြစ်ပါတယ်။ Battery Full Charge Cycles (25) ပြည့်တာနဲ့ 1% Battery Capacity ကျမှာဖြစ်ပါတယ်။ ဒါကြောင့် Depth of discharge အကြိမ် 500 ပြည့်တာနဲ့ Battery Capacity 20% ကျပြီး 80% Battery Health လို့ပေါ်နေမှာဖြစ်ပါတယ်။

iPhone Battery တွေရဲ့ Capacity ကို အဲ့ဒီလိုပဲတွက်ချက်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပုံမှန်အခြေအနေမျိုးမှာ အသုံးပြုလို့ Complete Charge Cycles 500 ပြည့်ပြီဆိုတာနဲ့ Battery Capacity 80% ပဲကျန်ရှိမှာဖြစ်ပါတယ်။ ဒါက iPhone တွေအတွက် ပုံမှန်ကိစ္စတခုပါပဲ။ iPhone Model နဲ့ လက်ရှိအသုံးပြုနေတဲ့ နေရာအနေအထား၊ အသုံးပြုပုံ၊ ရာသီဥတု၊ အပူချိန် စတာတွေအပေါ်မှာမူတည်ပြီးတော့လည်း တလုံးနဲ့တလုံး ကွာခြားနိုင်ပါသေးတယ်။

ဒါကိုနားလည်ပြီဆိုရင် ကျနော်တို့ အခုနောက်ပိုင်းထွက်တဲ့ iPhone တွေမှာဆိုရင် တနေ့လုံးနေမှ အားတခါသွင်းချင်မှသွင်းရတတ်ပါတယ်။ ဆိုတော့ တလမှာ အကြိမ် (၃၀) အားသွင်းတယ်ပဲထားပါတော့။ ဒါတောင် Full Chage Cycle ဖြစ်ဦးမှနော်၊ 1% ပဲထားပါတော့။ အဲ့ဒီအတိုင်းဆို iPhone အသစ်တလုံးဟာ Battery ကို ခန့်မှန်း (၂) နှစ်ကနေ (၃) နှစ်ခန့် အသုံးပြုပြီးရင် Battery Replacement Service ပြဖို့/ လဲဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ (မှတ်ချက်။ ။ iPhone Model နဲ့ လက်ရှိအသုံးပြုနေတဲ့ နေရာအနေအထား၊ အသုံးပြုပုံ၊ ရာသီဥတု၊ အပူချိန် စတာတွေအပေါ်မှာမူတည်ပြီးတော့လည်း တလုံးနဲ့တလုံး ကွာခြားနိုင်ပါသေးတယ်)

အဲ့ဒီလိုပဲ မိတ်ဆွေက တစ်နေကုန်နီးပါး ဖုန်းအမြဲကိုင်နေတဲ့သူ/ Screen Times များများ အသုံးပြုနေတဲ့သူဆိုရင် တစ်ရက်ကို ပျမ်းမျှ အနည်းဆုံးတော့ (၂) ကြိမ်အားသွင်းရမှာပါ။ ဒါကြောင့် တစ်လကို အကြိမ် (၆၀) ခန့်ဖြစ်ပြီးတော့ 2% ဝန်းကျင်ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေက iPhone နဲ့ Games မကြာမကြာဆော့တတ်တဲ့သူဖြစ်ဖြစ်၊ Gamer ပဲဖြစ်ဖြစ်ဆိုရင်တော့ ဝယ်ယူပြီး (၁၈) လခန့်နေရင် Battery Replacement လုပ်ရမှာဖြစ်ပါတယ်။

တချို့လည်း ရှိကြမှာပါ။ တခြားတယောက်နဲ့ တရက်တည်း အတူတူဝယ်ထားတာ စသုံးတုန်းကတော့ 100% အပြည့်ပဲ၊ ဝယ်ပြီး (၂) လ (၃) လလောက်နေတော့ သူက 100% ကနေမကျသေးဘူး၊ ကျနော့်ဖုန်းကျတော့ 90% ~ 95% ဖြစ်သွားတယ်ဆိုတာမျိုး ရှိနိုင်ပါတယ်။ ကျနော် ကြုံတွေ့ရသလောက်/ သိသလောက်ကတော့ iPhone တစ်လုံးနဲ့တစ်လုံးက Battery Health ကျတာ မတူကြပါဘူး။ အဓိကတော့ အသုံးပြုပုံခြင်း/ ရာသီဥတု/ အပူချိန်တွေ တယောက်နဲ့တယောက် ကွာကြလို့ပါပဲ။ (မှတ်ချက်။ ။ အဲ့လိုမတူကြတာ Error ကြောင့်မဟုတ်ပါ)

တစ်ချို့က Battery Charging လုပ်ရင်းနဲ့ ဖုန်းသုံးပါတယ်/ Games ဆော့ပါတယ်။ အဲ့ဒါက Battery Health ကို ခပ်မြန်မြန်ပိုပြီးတော့ကျစေပါတယ်။ နောက်ပြီးတော့ မိမိဖုန်းရဲ့ Original Charging တွေနဲ့မဟုတ်ပဲ ကြုံရင်ကြုံသလို လိုအပ်လာတဲ့အခါ တွေ့တဲ့ Charger တစ်ခုခုနဲ့ အလွယ်တကူအားသွင်းခြင်းဖြစ်ပါတယ်။ အဲ့ဒါတွေကြောင့်လည်း Battery Capacity ကို ပိုပြီးမြန်မြန်ကျစေတတ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဖုန်းအားကို 20% အောက်ကို ခဏခဏလျော့အောင် သုံးပြီးတော့။ အားကုန်တဲ့ထိထားပြီး အသုံးပြုတာမျိုးကလည်း Battery Health ကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ကျစေတဲ့ အချက်တွေထဲမှာပါပါတယ်ခင်ဗျာ။

ဒီတချက်ကတော့ iPhone စသုံးတာ သိပ်မကြာသေးတဲ့သူတွေအတွက် နဲနဲတမျိုးဖြစ်တတ်ကြပါတယ်။ ရာသီဥတုပူတဲ့အချိန်/ ကိုယ်ရှိနေတဲ့နေရာက အခန်းအပူချိန်မှာ လူကအရမ်းမပူပေမယ့် ဖုန်းက အပူချိန်ကိုသိပါတယ်။ iPhone တွေမှာ Battery Security အတွက် ပူနေပြီဆိုရင် အားသွင်းတဲ့အခါ 80% ထက်ပိုပြီး သွင်းမရပါဘူး။ အဲ့ဒါကို တစ်ချို့က Error လို့ထင်နေတာမျိုးတွေလည်းရှိပါတယ်။ တကယ်တော့ Apple က သူ့ရဲ့ Battery တွေကို အထက်မှာပြောသလို မြန်မြန်မပျက်အောင်လို့ Optimized လုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ Battery Optimized Features ကြောင့် ဖြစ်ပါတယ်။ အေးသွားတဲ့အချိန် ပုံမှန်အားပြည့်အောင်သွင်းလို့ရပါတယ်ခင်ဗျာ။

Settings > Battery > Battery Health > Optimized Battery Charging

This post is also available in: English