This post is also available in: English
ProMotion technology အကြောင်းကို Apple WWDC 2017 Event မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အလွယ်ပြောရရင် iPad Pro တွေရဲ့ Display မှာထည့်သွင်းအသုံးပြုထားတဲ့ Features တခုပါ။ အဲ့ဒီအချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး Display အဖြစ်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ProMotion ဆိုတာက Apple ကနေပေးထားတဲ့ နာမည်သက်သက်ဖြစ်ပြီး သူ့ရဲ့အလုပ်လုပ်ပုံက အဲ့ဒီ Display အသုံးပြုထားတဲ့ Device ကို Refresh Rate 120Hz ထိရရှိစေတာပါ။ ဒီတချက်နဲ့တင်ပဲ iPad Pro က အဲ့ကတည်းက ရောင်းအားအတော်လေးကောင်းခဲ့တဲ့ Tablet တခုဖြစ်ခဲ့တာဖြစ်ပါတယ်။
iPad Pro ဟာ Designer တွေ၊ Artist တွေ၊ Architect တွေအတွက် အတော်လေးရွေးချယ်စရာဖြစ်စေခဲ့ပါတယ်။ ဆိုတော့… ProMotion technology က တချိန်က iPad Pro တွေမှာသာ ရခဲ့တဲ့ Features တခုဖြစ်ပေမယ့် အခုဆိုရင်တော့ Apple ရဲ့ Latest iPhone ဖြစ်တဲ့ iPhone 13 Pro နဲ့ iPhone 13 Pro Max မှာ ထည့်သွင်းအသုံးပြုထားပြီဖြစ်ပါတယ်။
ဆိုတော့… Refresh Rate မြင့်တဲ့ Devices တွေက Display က အသုံးပြုရတာပိုပြီး Smooth ဖြစ်တယ်၊ Responsive ဖြစ်တယ်၊ Gaming Performance ပိုင်းကိုလည်း ပိုပြီးကောင်းမွန်စေပါတယ်။ ပုံမှန်အားဖြင့် Smartphones, Tablets တွေမှာ Standard Refresh Rate အနေနဲ့ 60Hz ပါရှိကြပါတယ်။ ProMotion ရဲ့ Adaptive 120Hz ကြောင့် နှစ်ဆအလုပ်လုပ်စေပြီး မြန်ဆန်သွက်လက်စေပါတယ်။
Screen Refresh Rate ကို 60Hz ကနေ 120Hz ထိ အလိုအလျောက် Delivers လုပ်ပေးနိုင်တဲ့ Features တခုဖြစ်တာကြောင့် iPad Pro ရဲ့ Hardware Component ကို iPadOS နဲ့တွဲဖက်ပြီး ပေါင်းစပ်လုပ်ဆောင်စေတာမျိုးဖြစ်ပါတယ်။ ProMotion technology ကြောင့် iPad Pro မှာ Display က ဒီတိုင်းအသုံးပြုရင် သိပ်မသိသာပေမယ့် Apple Pencil နဲ့တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ Latency ကိုလည်း လျှော့ချပေးနိုင်လို့ အပြင်မှာအသုံးပြုနေရသလို ခံစားမှုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ နောက်ပြီး Refresh Rate ကို Adjust လုပ်ပေးနိုင်တာကြောင့် Devices ရဲ့ Battery စားနှုန်းကိုလည်း အထူးသက်သာစေမှာဖြစ်ပါတယ်။
တခုသိထားဖို့က ProMotion technology က အသုံးပြုသူ User ရဲ့လိုအပ်ချက်အရပဲ အလုပ်လုပ်မှာပါ။ ဘာကြောင့်လည်းဆိုတော့ သူက Adaptive Refresh Rate ဖြစ်တာမို့ အမြဲတမ်း 120Hz ကြီးပဲဖြစ်နေမှာမဟုတ်ပဲ 30fps YouTube Video ကြည့်ရင် သူ့လိုအပ်သလောက်ပဲ Battery စားသက်သာအောင် ထိန်းညှိပေးမှာဖြစ်ပါတယ်။ Display မှာရှိနေတဲ့ ရုပ်ထွက်အပေါ်မူတည်ပြီး Refresh Rate ကိုအလိုအလျောက်ချိန်ညှိပေးနေတာဖြစ်သလို slow-motion Video တွေ၊ Frame Rate များတဲ့ Video Clip တွေမှာဆိုရင် သိသိသာသာ Smooth ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်ခင်ဗျာ။
This post is also available in: English