Apple ရဲ့ March 2022 Keynote မှာ ဘာပစ္စည်းအသစ်တွေမိတ်ဆက်သွားလဲ?

534

This post is also available in: English

  • iPhone 13 Series အတွက် အရောင်အသစ် (၂) မျိုး
  • Iconic Design နဲ့ iPhone SE 2022
  • iPad Air Model အသစ်
  • Apple Computer တွေအတွက် Chipset အသစ်
  • Features အလန်းစားတွေပါတဲ့ Mac Studio and Studio Display

၁. iPhone 13 Series အတွက် အရောင်အသစ် (၂) မျိုး

အရင်ဆုံး မနှစ်ကထွက်ထားတဲ့ iPhone 13 Series ကိုမှ အရောင်အသစ် (၂) မျိုးမိတ်ဆက်ပေးသွားပါတယ်။ iPhone 13 နဲ့ iPhone 13 mini တို့အတွက် “ Green” Color နဲ့ iPhone 13 Pro ရယ် iPhone 13 Pro Max အတွက် “ Alpine Green” တို့ပဲဖြစ်ပါတယ်။

၂. Iconic Design နဲ့ iPhone SE 2022

ထွက်ထားခဲ့တဲ့ Rumors တွေထဲကလိုပဲ Apple A15 Bionic Chip သုံးထားတဲ့ iPhone SE 2022 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ထုံးစံအတိုင်း အရင်လို Home Button with Touch ID လေးနဲ့ပါပဲ :3

iPhone SE ကိစ္စကတော့ နဲနဲပြောရလိမ့်မယ်။ iPhone SE 2020 တုန်းကလည်း အဲ့လိုပဲ အရင်ထုတ်ခဲ့တဲ့ iPhone 8 ကို ဟိုပြောင်း ဒီထည့်လေးလုပ်ပြီး ထုတ်တယ်။ အခုလည်းလာပြန်ပါပြီ ဟိုဟာလေး မြှင့်လိုက် ဒီဟာလေးမြှင့်လိုက်နဲ့ The new iPhone SE ဆိုပြီး ထုတ်တယ်ဗျို့ :3 (iPhone 8 အခွံတွေ မကုန်သေးဘူးလားမသိဘူး) ( စတာနော်… စတာ :3 )

ကဲ… ဆက်လိုက်ရအောင်… iPhone SE 2022 ထွက်မယ့်အရောင်တွေက Midnight Blue, Starlight White, Product Red တို့ဖြစ်ပါတယ်။ လက်ရှိထွက်ရှိထားတဲ့ iPhone Latest Models တွေလောက် Performance မကောင်းပေမယ့် iPhone SE ဆိုတဲ့အတိုင်း Design လုံးလုံလေးနဲ့လှတယ်ပေါ့၊ ယခင်ထွက်ထားတဲ့ iPhone 8 ထက် (၂၆) ဆလည်းပိုမြန်မယ်။

Display က 4.7-inch ရှိပြီး အသုံးပြုထားတဲ့ Glass တွေက iPhone 13 Series မှာသုံးထားတဲ့ Glass တွေပဲသုံးထားပေးတယ်။ Battery Life ကိုလည်း ပိုခံနိုင်အောင်အဆင့်မြှင့်တင်ထားတယ်။ Camera ကတော့ Apple တို့ထုံးစံအတိုင်း 12MP ပါပဲ။

iPhone SE 2022 စျေးလေးတွေကတော့ $429 ကနေစမယ်။ အမြင့်ဆုံးက $579 ဖြစ်မယ်။ လာမယ့် သောကြာနေ့မှာ Pre-order စတင်လက်ခံမှာဖြစ်ပြီး မတ်လ (၁၈) ရက်နေ့မှာ စပို့ပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့… မြန်မာပြည်ကိုတော့ မတ်လ လကုန်ပိုင်းလောက်အတွင်း ရောက်လောက်မယ် ခန့်မှန်းရပါတယ်။

၃. iPad Air Model အသစ်

Apple ရဲ့ iPad တွေထဲမှာ iPad Air က အရင်တုန်းကထက်အများကြီးကောင်းလာပြီလို့ပြောလို့ရတယ်။ iPad Air Series ကို လူတွေကြိုက်ကြတာကလည်း စျေးသက်သာတယ်၊ ကိုင်ရတာပေါ့ပါးတယ်။

အခုလည်း လာပါပြီ။ The next level iPad Air လို့ခေါ်လို့ရတဲ့ iPad Air 2022 (5th Generation iPad Air) ကို iPad Pro တွေလိုမျိုး M1 Chip နဲ့ထွက်ရှိလို့လာပါပြီ။

Apple Pencil 2nd Gen လည်း Support ဖြစ်မယ်။ 5G Network လည်းရမယ်။ Front Camera ကိုလည်း 12MP Ultra Wide နဲ့အဆင့်မြှင့်တင်ပေးထားတယ်။ စျေးလေးတွေက $599 နဲ့စပြီး 64GB, 256GB နဲ့ အရောင်အားဖြင့် စုစုပေါင်း (၅) ရောင်ထုတ်လုပ်ပေးထားတာတွေ့ရပါတယ်။

၄. Apple Computer တွေအတွက် Chipset အသစ်

Apple M1 Chip Model အသစ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ M1 Ultra ဖြစ်ပြီး အခု အသစ်ထွက်ရှိမယ့် Mac Studio မှာ စတင်ပါဝင်မယ်လို့သိရပါတယ်။ M1 Ultra နဲ့ဆိုရင် Desktop Computer တွေရဲ့ Performance အလန်းစားတွေကို တွေ့ရတော့မလား?

၅. Features အလန်းစားတွေပါတဲ့ Mac Studio and Studio Display

Apple က ဒီနေ့မှာတော့ Mac အသစ်စက်စက်တခုဖြစ်တဲ့ Mac mini လိုပုံစံမျိုးကိုမှ Apple Display နဲ့အတူ Mac Studio ကိုမိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Mac Studio ကိုတော့ M1 Max Chip နဲ့ အပေါ်မှာပြောခဲ့တဲ့ M1 Ultra Chip တို့နဲ့ ကြိုက်နှစ်သက်ရာဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

ပြီးတော့ Studio Display လိုနာမည်ပေးထားတဲ့ Apple Display အသစ်ဖြစ်ပါတယ်။ 27-inch ကိုမှ 5K Retina Display နဲ့ဖြစ်ပြီးတော့ 12MP Ultra Wide Camera ကို Center Stage အနေနဲ့အသုံးပြုပေးထားတာတွေ့ရပါတယ်။

ကျနော် iMac 5K သုံးနေတာ Speaker အတော်လေးမိုက်ပါတယ်။ အခု Studio Display မှာက High-fidelity six-speaker sound system with spatial audio ဆိုတော့ အများကြီးကိုပိုလန်းသွားပါပြီ။

Mac Studio ရဲ့ Memory ပိုင်းမှာဆိုရင်လည်း M1 Max Version မှာဆိုရင် 64GB ထိ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး M1 Ultra မှာဆိုရင် 128GB ထိဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Connectivity ပိုင်းအနေနဲ့ကတော့ Apple Mac တို့ရဲ့ ထုံးစံအတိုင်း Thunderbolt 4 port (4 ports) ပါဝင်ပြီး 10Gb Ethernet port, USB-A (2 ports), HDMI port တခုနဲ့ Pro Audio Jack port တခုပါဝင်မှာဖြစ်ပါတယ်။

ဒါတင်ပဲလားဆိုတော့… USB-C Port (၂) ခုနဲ့ SD Card Slot တခုလည်း ဘေးဘက်မှာပါဝင်ပါသေးတယ်။ Wireless Connection တွေအနေနဲ့ကတော့ Bluetooth 5.0 နဲ့အတူ Wi-Fi 6 ပါဝင်ပါတယ်ခင်ဗျာ။

ဆိုတော့… အခုအသစ်ထွက်ရှိလာတဲ့ Mac Studio + Studio Display နဲ့တွဲဖက်အသုံးပြုဖို့အတွက် Magic Mouse/ Magic Keyboard/ Trackpad တွေကတော့ သက်သက်ထပ်ဝယ်ပြီး အသုံးပြုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။

This post is also available in: English