This post is also available in: English

နေ့စဉ်အမြတ်တနိုးအသုံးပြုနေတဲ့ AirPods (သို့မဟုတ်) AirPods Case ပျောက်သွားတဲ့အခါ စိတ်ထဲအတော်ခံရခက်တာ ပစ္စည်းပျောက်ဖူးတဲ့သူတိုင်း ခံစားဖူးကြမှာပါ။ ဒီနေရာမှာ AirPods ဆိုတာ Apple ကနေထုတ်လုပ်ထားတဲ့ AirPods Generation အားလုံးကိုဆိုလိုပါတယ်။ ဘာကြောင့်ပဲပျောက်ပျောက် AirPods (သို့မဟုတ်) AirPods Case ပျောက်သွားရင် ဘာဆက်လုပ်လို့ရသေးလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

Apple Devices အသုံးပြုသူအတော်များများအနေနဲ့ iCloud Features တွေနဲ့ အနဲနဲ့အများတော့ ရင်းနှီးပြီးသားဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ iCloud ကရော ဘယ်လောက်အရေးပါတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်သလဲဆိုတာကိုလည်း သိရှိကြပြီးဖြစ်မှာပါ။ အလွယ်တကူပြောရရင် iCloud ဆိုတာ Apple Products တွေအတွက် မရှိမဖြစ်တဲ့ Features တခုအနေနဲ့ အသုံးတည့်တဲ့ အရာတခုပါ။

iCloud ဆိုတဲ့အတိုင်း သူ့ရဲ့ Cloud ထဲမှာ Apple ID စဖွင့်ကတည်းက အလကားရတဲ့ Cloud Storage 5GB အပြင် ကိုယ်အသုံးပြုနေတဲ့ Apple Devices တွေကို Find Devices ကိုဖွင့်ပေးထားတာနဲ့ ပျောက်သွားခဲ့ရင် ပြန်ရှာလို့ရအောင်၊ ခြေရာခံလို့ရအောင် အခွင့်အရေးတခုအနေနဲ့ ရရှိစေမှာပဲဖြစ်ပါတယ်။

ဒီပို့စ်မှာတော့ AirPods နဲ့ AirPods Case ပျောက်သွားရင် ဘာတွေဆက်လုပ်လို့ရလဲဆိုတာကိုပဲ အဓိကထားပြောသွားမှာပါ။ တကယ်လို့ AirPods ပျောက်သွားပြီဆိုတာနဲ့ iCloud ရဲ့ Find Devices မှာ ကိုယ့်ရဲ့ AirPods ဘယ်ရောက်နေလဲဆိုတာကို Live Location ကြည့်လို့ရဖို့ဆိုတာ Charging Case ထဲမှာမရှိနေဘူး။ ဒါမှမဟုတ် AirPods နဲ့ ချိတ်ဆက်ထားတဲ့ iPhone နဲ့ Connected ဖြစ်နေတယ်ဆိုမှသာ အဲ့ဒီ Location က ကြည့်လို့ရမှာပါ။ (iCloud မှာ Find My ကို On ထားမှသာ ရမှာပါ၊ မဟုတ်ရင် အမျှဝေတဲ့နည်းပဲရှိပါတယ်)

အဲ့ဒီလိုမဟုတ်ပဲ ပျောက်သွားတဲ့ AirPods က Battery ကုန်သွားလို့ပဲဖြစ်ဖြစ်၊ ချိတ်ထားတဲ့ iPhone နဲ့ Connected မဖြစ်တော့တာပဲဖြစ်ဖြစ် ဆိုရင်တော့ ကိုယ့်ရဲ့ Find Devices မှာ iPhone နဲ့ နောက်ဆုံးချိတ်ဆက်မိခဲ့တဲ့ Location ကိုပဲ ကြည့်လို့ရမှာဖြစ်ပါတယ်။ No Location Found ဒါမှမဟုတ် Offline ဆိုပြီးပဲပြမှာပါ။ တကယ်လို့ AirPods က Online ပြန်ဖြစ်လာရင်တော့ ကိုယ့် iCloud Account နဲ့ချိတ်ဆက်ထားတဲ့ Devices တွေမှာ Notification လာပြပေးပါလိမ့်မယ်။

AirPods တွေက တခြား iDevices တွေလို Device တခုတည်းမဟုတ်ပဲ ဘယ်တဖက်၊ ညာတဖက် AirPods တစုံဖြစ်တာကြောင့် ပျောက်သွားတဲ့အခါ တဖက်တည်းပျောက်တာလား၊ နှစ်ဖက်စလုံးပျောက်တာလားဆိုတာ ရှိပါတယ်။ အရေးကြီးတာတခုက AirPods ပျောက်သွားလို့ Find My လည်း ချိတ်ထားတယ်ဆိုရင် iCloud ကနေ Location Trace လုပ်တဲ့အခါ AirPods ရဲ့ တဖက်တည်းကိုပဲ Location ပြပေးတာဖြစ်ပါတယ်။ ဒါကြောင့် တဖက်တည်းပျောက်သွားရင်တော့ ရှင်းတာပေါ့။

အဲ့ဒီလိုမဟုတ်ဘူး။ AirPods က တစုံလုံးပျောက်သွားတာဆိုရင်တော့ AirPods တဖက်ကို အရင်ရှာရပါမယ်။ အဲ့ဒီ တဖက်တွေ့မှ AirPods Case ထဲကိုထည့်ပြီး iCloud Location မှာ Location ကို Refresh လုပ်မှ ကျန်တဲ့တဖက်ရဲ့ Location ကို ပြပေးမှာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာက Map Location တွေအားနည်းသေးတာကြောင့် Location Trace လိုက်တဲ့နေရာမှာ နေရာအတိအကျသိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် iCloud မှာပါတဲ့ Features တခုကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။ အဲ့ဒါကတော့ ပျောက်သွားတဲ့ iDevices ကို Alarm အသံပေးခိုင်းတာပဲဖြစ်ပါတယ်။ iCloud Location မှာ လိုက်ရှာရင်း အဲ့ဒီနေရာကိုရောက်ပြီဆိုတာနဲ့ ဘယ်နားလည်းဆိုတာသိဖို့က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပါပဲ။ ဒါကြောင့် အဲ့ဒီအနီးနားပါတ်ဝန်းကျင်ရောက်ပြီဆိုတာနဲ့ Alarm သံပေးခိုင်းလိုက်ရင် အတော်ကျယ်တဲ့အသံထွက်မှာပါ။ အဲ့ဒီအသံကလည်း တကြိမ်ကို ခန့်မှန်း (၂) မိနစ်ဝန်းကျင်လောက်ပဲ မြည်မှာပါဖြစ်ပါတယ်။

ဒီအပိုင်းကတော့ AirPods ရှာပုံတော်ဖွင့်တဲ့အပိုင်းဖြစ်ပါတယ်။ တကယ်လို့ သင်က ပျောက်သွားတဲ့ AirPods ကို ရှာလို့ဘယ်လိုမှမတွေ့တော့တာဖြစ်ဖြစ်၊ တစုံလုံး Case ပါပျောက်တာမဟုတ်ပဲနဲ့ တဖက်တည်းပျောက်တာဖြစ်ဖြစ်၊ Case ပျောက်တာပဲဖြစ်ဖြစ်၊ ပျက်သွားတာပဲဖြစ်ဖြစ် ဆိုရင်တော့ လိုအပ်နေတဲ့အပိုင်းတွေကို Apple မှာ Replacement အနေနဲ့ ပြန်ဝယ်လို့ရပါတယ်။ (အသစ်ဝယ်တာလောက်တော့ မကုန်တော့ဘူးပေါ့) ဒီအပိုင်းကိုတော့ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ mCare တို့ iPro တို့လို့ Apple Authorized ဆိုင်တွေမှာ ဝန်ဆောင်မှုရယူနိုင်သလို၊ Apple Service ကောင်းကောင်းပေးနိုင်တဲ့ Apple Devices ရောင်းတဲ့ ဆိုင်ကြီးတွေမှာ အဲ့ဒီ Service ကို ရယူနိုင်မှာပဲဖြစ်ပါတယ်။

AirPods တွေ အလွယ်တကူမပျောက်အောင် ဘယ်လိုသုံးကြမလဲ?

iDevices တွေမှာ အရမ်းအသုံးဝင်တဲ့ Features တွေရှိပါတယ်။ တကယ်လို့ သင်က iPhone 12 နဲ့ အထက်ကိုအသုံးပြုတဲ့သူဆိုရင် AirPods (3rd Gen) နဲ့အထက် မှာ Separation Alerts ဆိုတဲ့ Features ကို ဖွင့်ထားရင် အတော်လေးအသုံးဝင်မှာပါ။ အဲ့ဒါဖွင့်ထားရင် တကယ်လို့ တနေရာမှာ မေ့ပြီးကျန်ခဲ့တဲ့အခါ ကိုယ့်ကို အချက်ပေးမှာဖြစ်ပါတယ်။

  1. Open the Find My app.
  2. Go to the Devices tab, and choose your AirPods.
  3. Under Notifications, tap Notify When Left Behind.
  4. Turn on Notify When Left Behind.

တကယ်လို့ ပျောက်သွားတဲ့ AirPods က 3rd Gen နဲ့အထက်ဆိုရင်တော့ iCloud Features တခုအနေနဲ့ Message ချန်ထားခဲ့လို့ရပါတယ်။ အဲ့ဒီ Message မှာ ကိုယ့်ကိုပြန်ဆက်သွယ်ဖို့ ဖုန်းနံပါတ် ဒါမှမဟုတ် အီးမေးလ်နဲ့ စာတခုခုရေးချန်ထားခဲ့ရင် တယောက်ယောက်က အဲ့ဒီ AirPods ကို တွေ့လို့ သူ့ရဲ့ ဖုန်းနဲ့ချိတ်လိုက်ရင် အဲ့ဒီ Message သူ့ဖုန်းမှာ Lost Mode အနေနဲ့ သွားပေါ်နေမှာဖြစ်ပါတယ်။

AirPods အတွက် Lost Mode ဘယ်လိုဖွင့်လဲ?

  1. On your iPhone, iPad, or iPod touch, open the Find My app.
  2. Go to the Devices tab, and choose your AirPods.
  3. Scroll down to Mark as Lost, and select Activate.
  4. Follow the onscreen steps if you want your contact information to display for your missing AirPods.

This post is also available in: English