ဒီကနေ့ July 4, 2022 မှာ Xiaomi က သူ့ရဲ့ Smartphone Series အသစ်ဖြစ်တဲ့ Xiaomi 12S Series ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ Model လေးတွေကတော့ Xiaomi 12S, Xiaomi 12S Pro နဲ့ Xiaomi 12S Ultra တို့ပဲဖြစ်ပြီး ယခင်ထွက်ရှိထားတဲ့ Xiaomi 12 နဲ့ CPU, Camera ပိုင်းတွေ အဓိကကွဲပြားသွားတာတွေ့ရပါတယ်။

Design

ဒီဇိုင်းပိုင်းကိုကြည့်လိုက်ရင် အခုအသစ်ထွက်ရှိတဲ့ Xiaomi 12S နဲ့ Xiaomi 12S Pro ရဲ့ ဒီဇိုင်းပိုင်းက ယခင်ထွက်ရှိခဲ့တဲ့ Xiaomi 12 နဲ့ Xiaomi 12 Pro တို့နဲ့ အတူတူပါပဲ။ ထွက်ရှိတဲ့ အရောင်ကွဲလေးတွေတော့ ကွဲပြားသွားပြီး Xiaomi 12S Series မှာ အရောင်ကွဲ (၄) မျိုးထွက်ရှိလာတာဖြစ်ပါတယ်။

Display

Xiaomi 12S Series ရဲ့ Display ပိုင်းကတော့ သိပ်ထူးထူးခြားခြားမတွေ့ရပါဘူး။ ယခင်ထွက်ရှိခဲ့တဲ့ Xiaomi 12 Series နဲ့ Display အတူတူပါပဲ။ Xiaomi 12S က Xiaomi 12 ရဲ့ Display နဲ့တူပြီး Xiaomi 12S Pro က Xiaomi 12 Pro ရဲ့ Display နဲ့ အတူတူပါပဲ။ တစ်ခုရှိတာက Xiaomi 12S Pro မှာပါတဲ့ LTPO 2.0 ဆိုတဲ့ Feature က Refresh Rate ကို 1~120 Hz ထိ အပြောင်းအလဲလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Xiaomi 12S’s Display

  • AMOLED
  • 120 Hz
  • 6.28″
  • FHD Resolution with 419 PPI Pixel Density
  • HDR10+, Dolby Vision
  • 1100 nits Screen Brightness (Peak)

Xiaomi 12S Pro’s Display

  • LTPO AMOLED
  • 120Hz
  • 6.73″
  • 2K Resolution with 522 PPI Pixel Density
  • HDR10+, Dolby Vision
  • 1000 nits Screen Brightness, 1500 nits (Peak)

Battery

Battery ပိုင်းမှာတော့ Xiaomi 12 Series ထက် Xiaomi 12S Series က 15% ပိုပြီးကောင်းမွန်တယ်လို့သိရပါတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာထည့်သွင်းအသုံးပြုထားတဲ့ Snapdragon 8+ Gen 1 ကြောင့်ပါ။

Xiaomi 12S Battery Features

  • 4500mAh
  • 67W Fast Charging
  • 50W Wireless Charging
  • 10W Reverse Wireless Charging

Xiaomi 12S Pro Battery Features

  • 4600mAh
  • With 120W Fast Charging, Xiaomi 12S Pro can be full charged in 19 minutes. Xiaomi equipped 12S Pro with another method for fast charging and that is making the 12S Pro fully charged in 25 minutes with less heat.
  • 50W Wireless Charging
  • 10W Reverse Wireless Charging

Camera

Xiaomi Smartphone တွေရဲ့ Camera ပိုင်းတွေက Model တစ်ခုပြီးတစ်ခု အသစ်တွေထွက်လာပြီးနောက်ပိုင်း ပိုပြီးကောင်းမွန်လာတယ်ဆိုတာကိုတော့ အသုံးပြုဖူးသူတိုင်းအသိပဲဖြစ်ပါတယ်။ ဒီ Xiaomi 12S Series ရဲ့ Camera Setup ပိုင်းမှာတော့ Xiaomi 12S Ultra Model တစ်မျိုးတည်းကပဲ Camera အကောင်းဆုံး တပ်ဆင်ထားတာတွေ့ရပါတယ်။ Xiaomi 12S နဲ့ Xiaomi 12S Pro မှာတော့ ပုံမှန် Leica Camera Setup မျိုးနဲ့ပဲထွက်ရှိလာတာဖြစ်ပါတယ်။

Leica နဲ့ Xiaomi တို့ဟာ Smartphone Camera တွေပိုမိုကောင်းမွန်လာဖို့နဲ့ အရောင်တိကျမှန်ကန်ဖို့အတွက် လက်တွဲခဲ့တာဖြစ်ပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ Xiaomi 12S Series မှာတော့ Leica + Xiaomi တို့ရဲ့ ပူးပေါင်းမှုဘယ်လောက်ကောင်းတယ်ဆိုတာကို လက်တွေ့ခံစားရတော့မှာပဲဖြစ်ပါတယ်။

Xiaomi 12S Camera Specifications

  • Sony IMX 707 24mm Equivalent 50MP Main Camera
  • 50mm Equivalent 5MP Telemacro Camera
  • 14mm Equivalent 13MP Ultra Wide Angle Camera

Xiaomi 12S Pro Camera Specifications

  • Sony IMX 707 24mm 1/1.28″ Equivalent 50MP Main Camera
  • JN1 2x 50mm Equivalent 50MP Telephoto Camera
  • JN1 115° 14mm Equivalent 50MP Ultra Wide Angle Camera

Xiaomi အနေနဲ့ Xiaomi 12S Series မှာ Leica Camera Setup အသုံးပြုထားသလို သူ့ရဲ့ Camera App ကိုလည်း ပိုပြီးကောင်းမွန်အောင်ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ iPhone Camera App နဲ့ ယှဥ်ဖွင့်ပြထားတာကို အောက်ပါပုံမှာတွေ့နိုင်ပါတယ်။

Performance

Xiaomi 12S နဲ့ Xiaomi 12S Pro မှာ အသုံးပြုထားတဲ့ Snapdragon 8+ Gen 1 ကြောင့် ယခင်ထွက်ရှိထားတဲ့ Xiaomi 12 Series ထက် ၁၀ ဆ ပိုမိုမြန်ဆန်မယ်လို့သိရပါတယ်။

RAM/ Storage/ Pricing

Xiaomi 12S

  1. Xiaomi 12S 8/128GB – 3999 CNY (ခန့်မှန်း ၁၃ သိန်းဝန်းကျင်)
  2. Xiaomi 12S 8/256GB – 4299 CNY (ခန့်မှန်း ၁၄ သိန်းဝန်းကျင်)
  3. Xiaomi 12S 12/256GB – 4699 CNY (ခန့်မှန်း ၁၅ သိန်းဝန်းကျင်)
  4. Xiaomi 12S 12/512GB – 5199 CNY (ခန့်မှန်း ၁၆ သိန်းဝန်းကျင်)

Xiaomi 12S Pro

  1. Xiaomi 12S Pro 8/128GB – 4699 CNY (ခန့်မှန်း ၁၅ သိန်းဝန်းကျင်)
  2. Xiaomi 12S Pro 8/256GB – 4999 CNY (ခန့်မှန်း ၁၆ သိန်းဝန်းကျင်)
  3. Xiaomi 12S Pro 12/256GB – 5399 CNY (ခန့်မှန်း ၁၇ သိန်းဝန်းကျင်)
  4. Xiaomi 12S Pro 12/512GB – 5899 CNY (ခန့်မှန်း ၁၈ သိန်းဝန်းကျင်)